Learning Resources လေ့ကျင့်ရေးသင်တန်း ရက်များ လဲ tutorial စျေးဝယ်ခြင်းတောင်း

လေ့လာသင်ယူမှုပိုင်း အခက်အခဲရှိသူများ အတွက် Software

MoveAhead Software

Privacy Statement

MoveAhead Ltd trading as MoveAhead Software

အနက်အဓိပ္ပာယ်များ

ပုဂ္ဂိုလ်ရေးရာ အချက်အလက်များဖြစ်သော၊ နာမည်၊ နေရပ်လိပ်စာ၊ ကိုယ်ပိုင် အီးမေးလ် လိပ်စာ နှင့် URL၊ ဖုန်းနံပါတ်၊ အကောင့် User Name နှင့် Password၊ Credit/Debit ကဒ်နံပါတ်များ (၄င်းနံပါတ်များ ကျွန်ုပ်တို့၌ မရှိသောလည်း) နှင့် ငွေတောင်းရန် လိပ်စာ နှင့် ၄င်း၏ သက်တမ်းကုန်ဆုံးရက်၊ ဘဏ်အကောင့် နံပါတ်များ နှင့် အခြား အလားတူ အချက်အလက်များ ။

Prospect Information သည်လည်း ပဂ္ဂိုလ်ရေးရာ အချက်အလက်များ သာဖြစ်သည်၊ သို့ရာတွင် Prospect Information သည် တစ်စုံတစ်ဦးမှ တစ်ယောက်ယောက်အတွက် တင်ပြပေးသော အချက်အလက်များဖြစ်သည်။

ထုတ်ဖော်မပြသော ပဂ္ဂိုလ်ရေးရာ အချက်အလက် များမှာ သင့်အကြောင်း အပါအဝင်၊ သင့် အင်တာနက် Service Provider, Browser အမျိုးအစား , Domain နာမည်၊ ကျွန်ုပ်တို့ Web Site သို့ ညွှန်းပေးသော Web Site၊ သင်တောင်းဆိုသော Web Pages များ၊ သင့်တောင်းဆိုသော ရက်စွဲ နှင့် အချိန် နှင့် အဝင် အထွက် နေရာများ ဖြစ်သည်။

စီးပွားရေး ဆက်သွယ်ရန် လိပ်စာ အချက်အလက်တွင် နာမည်၊ ဂုဏ်ပုဒ်၊ လုပ်ငန်း လိပ်စာ (သို့) အဖွဲ့အစည်းမှ ဝန်ထမ်း၏ ဖုန်းနံပါတ် များပါဝင်သည်။ ထို့ပြင် တစ်ဦးတစ်ယောက်မျှ ဖော်ထုတ်နိုင်သော အချက်အလက်များ မပါသော ဌာနဆိုင်ရာ အီးမေးလ် လိပ်စာလည်းပါဝင်သည်။ စီးပွားရေး ဆက်သွယ်ရန် လိပ်စာ အချက်အလက်သည် ပုဂ္ဂိုလ်ရေးရာအချက်အလက်များ မဟုတ်ပါ။

စုပေါင်းအချက်အလက်ဆိုသည်မှာ တစ်ဦးတစ်ယောက်ထက်ပိုသောသူများ၏ အချက်လက်များဖြစ်ပြီး၊ တစ်ဦးတစ်ယောက်၏ မည်သူမည်ဝါဖြစ်ကြောင်း ထင်ရှားသော အထောက်အထား မရှိလျှင် သို့မဟုတ် အချက်အလက်များမှလည်း ကောက်ချက်ချ၍ မရသော အချက်အလက်များကို ဆိုလိုသည်။ စုပေါင်းအချက်အလက်များသည်ပဂ္ဂိုလ်ရေးရာ အချက်အလက်များ မဟုတ်ပါ။

MoveAhead Ltd trading as MoveAhead Software

အခြေအနေတစ်ရပ်ရပ် အတွက် သင့်တင့်သော ရည်ရွယ်ချက်များ အလျှောက်သာ ပဂ္ဂိုလ်ရေးရာ အချက်အလက်များ (သို့) Prospect Information များကို ကျွန်ုပ်တို့ ရယူပြီး၊ အသုံးပြုပါသည်။

စုပေါင်းအချက်အလက်များ နှင့် စီးပွားရေး အရ ဆက်သွယ်ရေးအချက်အလက်များကို သင့်လျော်သော နည်းလမ်းများဖြင့် အသုံးပြုရန် ကျွန်ုပ်တို့၌ အခွင့်ရှိသည်

အောက်တွင်ဖော်ပြထားသည့်အချက်များမှလွဲ၍ သင့်၏ ပဂ္ဂိုလ်ရေးရာ အချက်အလက်များကို တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိသော မည်သည့် အပြင်လူ ကိုမျှ ထုတ်ဖော်သွားမည်မဟုတ်ပါ MoveAhead Ltd trading as MoveAhead Software

ကာကွယ်စောင့်ရှောက်မှု MoveAhead Ltd trading as MoveAhead Software

အချို့သော အခြေအနေများတွင် သင့်၏ ပဂ္ဂိုလ်ရေးရာ အချက်အလက်များနှင့် အခြား အချက်အလက်များကို သင့်၏ခွင့်ပြုချက်မပါဘဲ ကျွန်ုပ်တို့ အသုံးပြုနိုင်သည် (သို့) ဖော်ပြနိုင်သည်။

  • တရားဥပဒေအရ (သို့) အမိန့်အရ (သို့) တရားရုံးမှ လိုအပ်ချက်အရ (သို့) အုပ်ချုပ်ရေး အေဂျင်စီ (သို့) အစိုးရ အဖွဲ့အစည်း (သို့) ထုတ်လုပ်မှု မှတ်တမ်း နှင့်ပတ်သက်၍ တရားရုံးစည်းမျဥ်းစည်းကမ်းအရ ကျွန်ုပ်တို့လိုအပ်လျှင် သော်လည်းကောင်း ;
  • ကျွန်ုပ်တို၏ ဝယ်ယူအသုံးပြုသူများနှင့် အခြားသူများ၏ အခွင့်အရေး၊ ပဂ္ဂိုလ်ရေးရာ၊ ပိုင်ဆိုင်မှု (သို့) လုံခြုရေး ကို ကာကွယ်ရန် ကျွန်ုပ်တို့ ဘက်မှ ခိုင်လုံသောအကြောင်းပြချက်ရှိလျှင် သော်လည်းကောင်း;
  • အချက်အလက်မှဖော်ပြချက်အတိုင်း သဘောတူညီချက် ချိုးဖျက်ခြင်း (သို့) ဥပဒေ ဖောက်ဖျက်ခြင်း (သို့) ဖောက်ဖျက်နေခြင်း (သို့) ဖောက်ဖျက်ရန် ကြံစည်နေခြင်းများကို ကျွန်ုပ်တို့ ဘက်မှ ခိုင်လုံသော အကြောင်းပြချက်ရှိလျှင် သော်လည်းကောင်း;
  • လိမ်လည်မှုမှ ကာကွယ်ရန်၊ အန္တရာယ်လျော့ချရန် (သို့) ကျွန်ုပ်တို့အား ပေးချေရန် ကျန်နေသေးသော ငွေကြေးများ တောင်းခံရာ၌ လိုအပ်လာလျှင် သော်လည်းကောင်း;
  • ကျွန်ုပ်တို့ ပြဋ္ဌာန်းထားသော လိုက်နာရမည့်စည်းကမ်းချက်များ နှင့် အခြားသဘောတူညီချက် များကို လိုက်ရန် နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးရယူရန် (သို့) ပျက်စီးဆုံးရှုံးမှု ကိုကန့်သတ်ရန် လိုအပ်လာလျှင် သော်လည်းကောင်း; MoveAhead Ltd trading as MoveAhead Software;
  • အကယ်၍ အချက်အလက်များသည် အများမြင်နိုင်သော အရာဖြစ်နေလျှင်;
  • ဥပဒေအရ ခွင့်ပြုထားသော (သို့) လိုအပ်သော အခြားအကြောင်းပြချက်များ.

အကယ်၍သဘောတူခွင့်ပြုချက် မပါဘဲ အချက်အလက်များကို ဖော်ထုတ်ရန် လိုအပ်လာလျှင် (သို့) ဖော်ထုတ်ရန် အခွင့်ရခဲ့လျှင် လည်း ထိုသို့ ဖော်ထုတ်ရန် လိုအပ် သည့် ရည်ရွယ်ချက်ထက် ပိုသော အချက်အလက်များကို ကျွန်ုပ်တို့၌ ဖော်ထုတ်မည် မဟုတ်ပါ။

သဘောတူညီချက်

ဤ Privacy Statement ထဲ၌ဖော်ပြထားသော အချက်အလက်များကို ရယူရန် နှင့် အသုံးပြုရန်အတွက် သင့်ထံမှ သဘောတူခွင့်ပြုချက် ရယူမည်ဖြစ်သည်။ ဤ Privacy Statement ထဲ၌ဖော်ပြထားသော အချက်အလက်များကို ရယူရန် နှင့် အသုံးပြုရန်အတွက် သင်သဘောမတူညီပါက၊ သင့်၏ ကိုယ်ပိုင် အချက်အလက်များကို ကျွန်ုပ်တို့နှင့် မဝေမျှပါနှင့်။ သို့ရာတွင် ကိုယ်ပိုင် အချက်အလက်များမပါဘဲ ကျွန်ုပ်တို့ အချို့ ဝန်ဆောင်မှုများ မပေးနိုင်ပါ - ဥပမာ ဝယ်ယူနိုင် စီစဥ်ပေးမှု များကို လုပ်ဆောင်ပေးနိုင်မည်မဟုတ်ပါ။

ဆီလျော်သော အသိပေးစာ နှင့် ဥပဒေအရ (သို့) စာချုပ်ပါ ဝတ္တရားများအရ သင့်၏ သဘောတူခွင့်ပြုချက်ကို အချိန်မရွေး ရုတ်သိမ်းနိုင်သည်။ သဘောတူခွင့်ပြုချက်ကို ရုတ်သိမ်းရန်အတွက်၊ ကျွန်ုပ်တို့ထံရှိသော၊ အသုံးပြုနေသော (သို့) ဖော်ပြထားသည် သင်၏ ကိုယ်ပိုင်အချက်အလက် ကို အောက်တွင်ဖော်ပြထားသော ဆက်သွယ်ရမည့် လိပ်စာသို့ ပေးပို့ နိုင်သည်။ သို့ရာတွင် ကိုယ်ပိုင် အချက်အလက်များမပါဘဲ ကျွန်ုပ်တို့ အချို့ ဝန်ဆောင်မှုများ မပေးနိုင်ပါ - ဥပမာ ဝယ်ယူနိုင် စီစဥ်ပေးမှု များကို လုပ်ဆောင်ပေးနိုင်မည်မဟုတ်ပါ။

တည်ဆဲဥပဒေများ အရ အချို့သောအခြေအနေများတွင် သင်၏သဘောတူခွင့်ပြုချက် မပါဘဲ၊ သင့် ပဂ္ဂိုလ်ရေးရာ အချက်အလက် ကို ရယူခြင်း၊ အသုံးပြုခြင်း (သို့) ထုတ်ပြန်ခြင်းများကို ဆောင်ရွက်နိုင်သည် (သို့) သဘောတူစာချူပ်ကို သင်ရုတ်သိမ်းလိုက်သော်လည်း ထိုသို့ဆောက်ရွက်နိုင်သည်။ ထိုအခြေအနေများကို “Protection of MoveAhead Software PLT Ltd” အောက်၌ ရှိသော ပဂ္ဂိုလ်ရေးရာ အချက်အလက်များ (သို့) or Prospect Information Privacy Statement ၌ ကျွန်ုပ်တို့ ဖော်ပြထားသည်။

ထိန်းသိမ်းခြင်း နှင့် ရယူနိုင်ခြင်း

ပဂ္ဂိုလ်ရေးရာ အချက်အလက်များ (သို့) Prospect Information များကို ကျွန်ုပ်တို့ တတ်နိုင်သမျှ တိကျအောင်၊ ပြည့်စုံအောင်၊ သေချာအောင် ရယူပြီး နှင့် ၄င်းတို့အား အသုံးပြုရန် ရယ်ရွယ်ချက် နှင့် ထိုက်သင့်လျော်ကန်စွာ အသုံးပြုသွားမည်ဖြစ်သည်။ ထိုပဂ္ဂိုလ်ရေးရာ အချက်အလက်များကိုလည်း ကျွန်ုပ်တို့ ရယူလိုသည့် ရည်ရွယ်ချက် နှင့်လိုအပ်သည့် ကာလပတ်အတွင်းသာ ထိန်းသိမ်းထားမည်။ ပဂ္ဂိုလ်ရေးရာ အချက်အလက်များကို ကျွန်ုပ်တို့ မလိုအပ်တော့လျှင် ၄င်း အချက်အလက်များအား ဖျက်ဆီးရန်၊ ဖျက်လိုက်ရန် (သို့) ဖျောက်ဖျက်ရန် နှင့် အမည်မသိ ပုံစံ အဖြစ် ပြောင်းလဲပစ်ရန် နည်းလမ်းရှိသည်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

အခြား သတင်းအချက်အလက် MoveAhead Ltd trading as MoveAhead Software ဤ Web Site သို့အလည်အပတ်လာသော ဧည့်သည်ထံမှ ရယူထားသော အချက်အလက် များကို နယူးဇီလန် နိုင်ငံတွင် အသုံးပြု၊ သို့လှောင် (သို့) ထိန်းသိမ်း သွားမည်ဖြစ်သည်။ ပဂ္ဂိုလ်ရေးရာ အချက်အလက်များ (သို့) Prospect Information ကို အဓိက ထိန်းသိမ်းထားသောနေရာသည် နယူးဇီလန် နိုင်ငံမှ Dunedin မြို့တွင်ဖြစ်သည်။ ဤ Web Site မှဝယ်ယူ၍ ရသော အရာများအားလုံးကို နယူးဇီလန် နိုင်ငံ တွင်ပြုလုပ်သည်။

သင်၏တောင်းဆိုချက်အရသာ၊ ပဂ္ဂိုလ်ရေးရာ အချက်အလက်များကို ဝင်ကြည့်ရန် ကျွန်ုပ်တို့ခွင့်ပြုမည် ဖြစ်ပြီး၊ အချက်အလက်များကို ပြင်ဆင်လိုလျှင်လည်း တောင်းခံနိုင်သည်။ အောက်တွင်ရှိသော ဆက်သွယ်ရန် လိပ်စာများ အတိုင်း အချက်အလက်များကို ကြည့်ရှု့နိုင်ရန်လည်း တောင်းဆိုနိုင်ပါသည်။ အချက်အလက်များကို ကြည့်ရှု့နိုင်ရန် သင်တောင်းဆိုလိုက်သည်နှင့်၊ ရက် ၃၀ အတွင်း ကြည့်ရှုနိုင်ရန် ကျွန်ုပ်တို့ တတ်နိုင်သမျှ ဆောက်ရွက်ပေးသွားမည်ဖြစ်သည်။ အကယ်၍ ပဂ္ဂိုလ်ရေးရာ အချက်အလက်များမှ ပြင်ဆင်လိုသော အရာများရှိခဲ့သော်၊ သင်ပြင်ဆင်လိုသော အချက်အလက်ကို အဘယ်ကြောင့် ပြင်ဆင်လိုကြောင်း ရှင်းပြချက်နှင့်တကွ ကျွန်ုပ်တို့အား ကျေးဇူးပြု၍ စာရေး၍ ပေးပိုပေးပါ။ ဖော်ပြ၍မလိုသော (သို့) မရသော အချက်အလက်များကို၊ အဘယ်ကြောင့် မလိုအပ်သည့်အကြောင်းကို ကျွန်ုပ်တို့ ရှင်းပြပေးသွားမည် ဖြစ်သည်။ not or cannot be disclosed, we will tell you the reasons for non-disclosure.

လုံခြုံရေး

MoveAhead Ltd trading as MoveAhead Software နည်းပညာပိုင်းဆိုင်ရာနှင့် လက်တွေ့လုပ်ဆောင်ချက်များ၊ ဝန်ထမ်း မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ပူးပေါင်း၍ သင်၏ ပဂ္ဂိုလ်ရေးရာ အချက်အလက်များကို ကာကွယ်ရန် ပေးထားသည်။ သင်၏ပဂ္ဂိုလ်ရေးရာ အချက်အလက်များကို ကျန်ုပ်တို့ ထုတ်သုံးစဥ် ကာကွယ်ရန် Secure Sockets Layer (SSL) software ကိုလိုအပ်သည့်နေရာ၌ အသုံးပြုထားသည်။ ထိုအရာသည် Online ပေါ်မှ ကျန်ုပ်တို့ Web Site အတွက် သင်ပေးထားသော အချက်အလက်များကို ဝှက်ထားပေးသည်။ ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို ကာကွယ်ရန် စီးပွားရေးအရ သင့်လျော်စွာ ကြိုးပမ်းဆောင်ရွက် နေသည့်အတိုင်း၊ နည်းပညာအသစ် များကိုလည်း ဆက်လက် ရှာဖွေနေပြီး၊ သင့်လျော်သော အချိန်၌ ကျွန်ုပ်တို့၏ အချက်အလက် လုံခြုံရေးစနစ် ကို Upgrade သွားမည်ဖြစ်သည်။

ထို့ပြင်၊ တရားဝင် ခွင့်ပြုချက် ရှိသော MoveAhead Ltd trading as MoveAhead Software ဝန်ထမ်း များနှင့် တိုင်ရိုက်ပါဝင်ပတ်သက်မှုမရှိသော ကြားလူ များသာ ကျွန်ုပ်တို့အား သင်ပေးထားသော သင့်၏ ပဂ္ဂိုလ်ရေးရာအချက်အလက်များ (သို့) Prospect Information ကိုရရှိနိုင်ရန် ခွင့်ပြုထားသည်။ အကယ်၍ ဝန်ထမ်းတစ်ဦးဦးမှ ပဂ္ဂိုလ်ရေးရာအချက်အလက်များ (သို့) Prospect Information များကိုအလွဲ သုံးစားလုပ်ပါက၊ ထိုဝန်ထမ်းအား၊ တာဝန်မှ ရပ်တန့်လိုက်သည် အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အခြား Web Sites များ၏ Links များ

ဤ Web Site မှ Link တစ်ခုကို Click လုပ်လိုက်လျှင်၊ ၄င်း Link အား ထိန်းချုပ်လုပ်ကိုင် သော တခြား ကုမ္ပဏီ၏ Web Site သို့ခေါ်ဆောင်သွားမည်။ ထို ကုမ္ပဏီ၏ company’s Privacy Policy နှင့် သင် သက်ဆိုင်မည်။

အငြင်းပွားမှုအတွက် ဆုံးဖြတ်ချက်

ကျေးဇူးပြု၍၊ အောက်တွင်ဖော်ပြထားသော ဆက်သွယ်ရန် လိပ်စာကို အသုံးပြု၍ ပဂ္ဂိုလ်ရေးရာအချက်အလက်များ (သို့) Prospect Information ကို၊ အသုံးပြုခြင်း (သို့) ထုတ်ဖော်ခြင်း နှင့်ပတ်သက်သော မေးခွန်းများ (သို့) အကြောင်းအရာများ ကို ပေးပို့ပေးပါ။ ပဂ္ဂိုလ်ရေးရာ အချက်အလက်များ အသုံးပြုခြင်း (သို့) ထုတ်ဖော်ခြင်း နှင့်ပတ်သက်နှင့် ဖြစ်ပေါ်လာသော တိုင်းကြားမှာများ နှင့် အငြင်းပွားစရာများ ကို ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးပြီး Privacy Statement ၌ ပါသော မူဝါဒများအတိုင်း ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ဆက်သွယ်ရမည့် လိပ်စာ

ပဂ္ဂိုလ်ရေးရာအချက်အလက်များ (သို့) Prospect Information ကိုဝင်ရောင်ကြည့်ရှုခြင်း; ကျွန်ုပ်တို့ မည်သို့ရယူပုံ၊ အသုံးပြုမှု၊ ကိုင်တွယ်စီမံမှု (သို့)ပဂ္ဂိုလ်ရေးရာအချက်အလက်များ (သို့) Prospect Information များကို ထုတ်ဖော်ပြမှု; (သို့) ဤ Privacy Statement နှင့် ပတ်သက်၍ မေးခွန်းတစ်စုံတစ်ခု ရှိပါက၊ ဆက်သွယ်ရမည့် လိပ်စာမှာ;

[email protected]

လုံခြုံရေး အရာရှိ

MoveAhead Ltd trading as MoveAhead Software
Moveahead Software Myanmar
Lighthouse Learning Centre, 
No.40 ,  Aung Myae Yadanar Road , 
Thumingalar Housing , 
Thingangyun Township, 
Yangon , 
Myanmar
[email protected]
95-1-573 704 , 95-9-320 51 260

ထိရောက်သည့်ရက်စွဲ - ဤ Privacy Statement သည် ၅ရက်၊ ဇွန်လိုင်လ၊ ၂၀၁၆ တွင်စတင်၍ ထိရောက်သည်။